Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 34:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 နယ်နိမိတ်​သည် ရှေဖံ​မှ အဣန​အရှေ့ဘက် ရိဗလ​တိုင်အောင် ဆင်းလာ​ရ​မည်​။ ထိုမှ နယ်နိမိတ်​သည် ဆက်သွား​၍ အရှေ့ဘက်​တွင်​ဂင်နေသရက်​အိုင်​စပ်​အထိ ရောက်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 34:11
16 ပူးပေါင်းရင်းမြစ်များ  

ဖာရော​နေခေါ​မင်းကြီး​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင် နန်းချ​ပြီး ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် အကျဉ်းချထား​၍ တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ​၊ ရွှေ​တစ်တာလန် ဒဏ်တပ်​လေ​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ သူ့​ကို စီရင်ချက်ချ​လေ​၏​။


ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​လူမျိုး​အကြီးအကဲ​အပေါင်း​တို့​ကို​လည်း ရိဗလ​မြို့​တွင် သတ်​လေ​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို စီရင်ချက်​ချ​လေ​၏​။


အရှေ့ဘက်​နယ်နိမိတ်​ကို ဟာဇရေနန်​မှ​ရှေဖံ​အထိ ပိုင်းခြား​ရ​မည်​။


ထိုမှ နယ်နိမိတ်​သည် ဂျော်ဒန်​မြစ်​တစ်လျှောက်​ဆက်သွား​၍ ဆား​ပင်လယ်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​ပြည်​၏​နယ်မြေ​အပိုင်းအခြား ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​ကြ​၏။


တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။


ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။


ဂျော်ဒန်​မြစ်​ဖြင့်​နယ်နိမိတ်​ပိုင်းခြား​ထား​သည့်​အရာဗ​လွင်ပြင်​အထိ ငါ​ပေး​၏​။ ထို​အရာဗ​လွင်ပြင်​သည် ဂင်နေသရက်​အိုင်​မှ အရှေ့ဘက်​ပိသဂါ​တောင်ခြေ​ရှိ ဆား​ပင်လယ်​ဟု​ခေါ်​သော အရာဗ​ပင်လယ်​အထိ​ကျယ်ပြန့်​၏​။


မြောက်ပိုင်း​တောင်ပေါ်ဒေသ​၊ ဂင်နေသရက်​အိုင်​တောင်ဘက် အရာဗ​လွင်ပြင်​၊ မြေနိမ့်ဒေသ​၊ အနောက်ဘက်​ဒေါရ​ပြည် စသည်​တို့​မှ ဘုရင်​တို့​ထံသို့​လည်းကောင်း​၊


အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊


ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။


ခံတပ်​မြို့​များ​ဖြစ်​သည့် ဇိဒ္ဒိမ်​မြို့​၊ ဇေရ​မြို့​၊ ဟမ္မတ်​မြို့​၊ ရက္ကတ်​မြို့​၊ ဂင်နေသရက်​မြို့​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ