Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 33:56 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

56 ငါ​သည်​လည်း ထို​သူ​တို့​ကို​စီရင်​မည်​ဟု ကြံရွယ်​ထား​သည့်​အတိုင်း သင်​တို့​ကို ငါ​စီရင်​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

56 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

56 ထို​မှ​တစ်​ပါး သူ​တို့​အား​ငါ​ကြံ​စည်​သည်​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 33:56
10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ထို​ပြည်​ကို​ညစ်ညူး​စေ​လျှင် ပြည်​သည် သင်​တို့​ရှေ့​၌​ရှိ​သော​လူမျိုး​ကို​အန်ထုတ်​သကဲ့သို့ သင်​တို့​ကို​လည်း အန်ထုတ်​လိမ့်မည်​။


သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည့်​လူမျိုး​တို့​၏​ပြဋ္ဌာန်းချက်​များ​ကို မ​လိုက်လျှောက်​ရ​။ အကြောင်းမူကား သူ​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ကို ပြုကျင့်​ကြ​၍ ငါ​သည် သူ​တို့​ကို ရွံရှာမုန်းတီး​၏​။


ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​ထံ​မှ အကုန်အစင်​မ​နှင်ထုတ်​လျှင် သင်​တို့​ချန်ထား​ခဲ့​သော​သူ​တို့​သည် သင်​တို့​၏​မျက်စိ​၌ ငြောင့်​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​နံဘေး​၌ ဆူး​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ သင်​တို့​နေထိုင်​သော​ပြည်​၌ သင်​တို့​ကို ရန်ပြု​ကြ​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ထာဝရဘုရား​သည် သင့်​ကို​ကောင်းစား​စေ​၍ တိုးပွား​စေ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင့်​ကို​ဖျက်ဆီး​၍ သုတ်သင်ပယ်ရှင်း​ပစ်​ရာ​၌​လည်း ထာဝရဘုရား ဝန်လေး​တော်မူ​မည်​မ​ဟုတ်​။ သင်​သည် သင်​ဝင်ရောက်​သိမ်းပိုက်​သည့်​ပြည်​ထဲ​မှ နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။


ထာဝရဘုရား​သည် သူ​တို့​ကို အမျက်​ဒေါသ​ပြင်းထန်​စွာ​ဖြင့် သူ​တို့​၏​ပြည်​ထဲ​မှ နုတ်​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​ကို အခြား​သော​ပြည်​သို့ လွှင့်ပစ်​လိုက်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ