Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 32:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 “​ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည် သင်​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​ရှေ့​၌​ရှိ​သော​ထို​ပြည်​ကို နှိမ်နင်း​လျှင် သင်​တို့​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရာ​မြေ​အဖြစ် သူ​တို့​အား​ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​သီး​အ​သီး​လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား၍၊ သင်​တို့​သည် ထို​ပြည်​ကို​အောင်​ပြီး​လျှင်၊ ထို​အ​မျိုး​သား​တို့​အား ဂိ​လဒ်​ပြည်​ကို အ​ပိုင်​ပေး​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 32:29
10 ပူးပေါင်းရင်းမြစ်များ  

သို့သော် အကျွန်ုပ်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​နေထိုင်​မည့်​အရပ်​သို့ ရောက်​သည်​အထိ လက်နက်ကိုင်စွဲ​လျက် သူ​တို့​၏​ရှေ့​မှ​သွား​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ကလေး​များ​ကို​ကား ဤ​ပြည်သား​တို့​ရန်​မှ​ကင်းလွတ်​ဖို့ ခံတပ်​မြို့​များ​၌ နေထိုင်​စေ​ရ​မည်​။


ထို့ကြောင့် မောရှေ​က ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​အကြီးအမှူး​တို့​အား


သူ​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​နှင့်အတူ ကူး​မ​သွား​လျှင် သင်​တို့​နှင့်အတူ​ခါနာန်​ပြည်​၌​သာ အမွေမြေ​ကို ခံယူ​ရ​မည်​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​၏​အစေအပါး​မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ထို​ပြည်​တို့​ကို​အောင်​နိုင်​ပြီးလျှင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် ထို​ပြည်​ကို ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​နှင့် မနာရှေ​အမျိုး​တစ်ဝက်​အား ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​လေ​၏​။


ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ


မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။


လေဝိ​အမျိုး​သည် သင်​တို့​နှင့်အတူ အမွေမြေ​မ​ရ​။ ထာဝရဘုရား​ပေး​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။ ဂဒ်​၊ ရုဗင်​နှင့် မနာရှေ​အမျိုး​တစ်ဝက်​တို့​သည်​လည်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ထား​ခဲ့​သော​အမွေမြေ​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် ရ​ပြီး​ဖြစ်​၏​”​ဟု ဆို​၏​။


သို့ဖြစ်၍ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​မြို့​မှ​ထွက်ခွာ​၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ထား​သည့်​အတိုင်း မိမိ​တို့​အပိုင်​ရရှိ​ခဲ့​သော​ဂိလဒ်​ပြည်​သို့ ပြန်​သွား​ကြ​၏​။


တောလ​သေဆုံး​ပြီးနောက် ဂိလဒ်​အနွယ် ယာဣရ​ပေါ်ထွန်း​၍ အစ္စရေး​လူမျိုး​တို့​ကို နှစ်​ပေါင်း​နှစ်ဆယ့်​နှစ်​နှစ် စီရင်အုပ်ချုပ်​လေ​၏​။


ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ကြည့်​လော့​။ ငါ့​သမီး​အကြီး​မေရပ်​ကို သင်​နှင့်​ပေးစား​မည်​။ ငါ​၏​စစ်သူရဲ​အဖြစ်​နေ​၍ ထာဝရဘုရား​အဖို့ တိုက်ပွဲ​ဝင်​ပါ​လော့​”​ဟု ဆို​၏​။ အကယ်စင်စစ် ရှောလု​မင်းကြီး​က “​ငါ့​လက်ချက်​နှင့် သူ​မ​သေ​။ ဖိလိတ္တိ​လူမျိုး​တို့​လက်ချက်​ဖြင့် သေ​ပါစေ​”​ဟု ကြံစည်​ခြင်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ