Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 31:47 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​၊ တိရစ္ဆာန် အကောင်​ငါးဆယ်​လျှင်​တစ်​ကောင် ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

47 မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

47 ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့ လူ၊ တိ​ရ​စ္ဆာန် အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို မော​ရှေ​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 31:47
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​အိမ်​တော်​၌ ည​စဉ်​အမှုထမ်း​ကြ​သော ထာဝရဘုရား​၏​အစေအပါး​အပေါင်း​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


ထို့နောက် မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည်​သွား​၍ တစ်သဝေမတိမ်း​ပြု​ကြ​၏​။


လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ​နှင့် နွား​၊ မြည်း​၊ သိုး စသည့်​တိရစ္ဆာန်​အားလုံး​တို့​ကို အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​ကျ​၊ အကောင်​ငါးဆယ်​လျှင် တစ်​ကောင်​ကျ ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


လူ တစ်သောင်းခြောက်ထောင် ဖြစ်​၏​။


ထို့နောက် စစ်သည်​ထောင်ချီ​ကို​အုပ်ချုပ်​ရ​သော​အရာရှိ​များ​ဖြစ်​သည့် ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​သည် မောရှေ​ထံသို့​ချဉ်းကပ်​လာ​၍


ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ