Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 31:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 သင်​တို့​၏​အဝတ်​နှင့် သားရေ​အသုံးအဆောင်​ရှိသမျှ​၊ ဆိတ်မွေး​ဖြင့်​ပြုလုပ်​ထား​သော​အရာ​နှင့် သစ်သား​အသုံးအဆောင် ရှိသမျှ​တို့​ကို​လည်း သန့်စင်​စေ​ရ​မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 31:20
6 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထံသို့​သွား​၍ ယနေ့​နှင့်​မနက်ဖြန်​တွင် သူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​၏​အဝတ်အစား​များ​ကို​လည်း လျှော်​စေ​လော့​။


မစင်ကြယ်​သော​သူ ထိမိ​သော​အရာ​မှန်သမျှ​သည် မစင်မကြယ်​ဖြစ်​၏​။ ထို​အရာ​တို့​ကို ထိမိ​သော​သူ​သည်​လည်း နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​မူကား ခုနစ်​ရက်​ပတ်လုံး တပ်စခန်း​အပြင်ဘက်​၌ နေ​ရ​မည်​။ လူ​ကို​သတ်​ခဲ့​သော​သူ​၊ လူအသေကောင်​ကို​ထိ​သော​သူ မည်သူမဆို တတိယ​နေ့​၊ သတ္တမ​နေ့​၌ သုံ့ပန်း​များ​နှင့်အတူ မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။


ထို့နောက် ယဇ်ပုရောဟိတ်​ဧလာဇာ​သည် စစ်​သွား​တိုက်​သော​စစ်သူရဲ​တို့​အား “​မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့် ပြဋ္ဌာန်းချက်​တရား​ကား ဤသို့​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ