တောလည်ရာ 31:16 - မြန်မာ့စံမီသမ္မာကျမ်16 ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည်တကား။ အခန်းကိုကြည့်ပါ။ |
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။