Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 3:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 မျိုးနွယ်စု​အလိုက် မေရာရိ​၏​သား​များ​ကား မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား မိမိ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် လေဝိ​၏​မျိုးနွယ်စု​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် မေ​ရာ​ရိ​သား​တို့၏​နာ​မည်​ကား မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း၊၊ ဤ​သူ​တို့​သည် မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ရေ​တွက်​သော လေ​ဝိ​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 3:20
15 ပူးပေါင်းရင်းမြစ်များ  

မေရာရိ​၏​သားမြေး​များ​တွင် အကြီးအကဲ​အသာယ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​နှစ်ရာ့​နှစ်ဆယ်​၊


ယေဒုသုန်​သားမြေး​တွင် ယေဒုသုန်​၏​သား ဂေဒလိ​၊ ဇေရိ​၊ ယေရှာယ​၊ ရှိမိ​၊ ဟာရှဘိ​၊ မတ္တိသိ ပေါင်း​ခြောက်​ယောက်​တို့​သည် ဖခင်​ယေဒုသုန်​၏​လက်​အောက်​တွင်​နေ​ရ​ကြ​၏​။ သူ​တို့​၏​ဖခင်​သည် စောင်း​တီး​၍ ထာဝရဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကာ ပရောဖက်ပြု​သော​သူ​ဖြစ်​၏​။


မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဘိုးဘေး​မျိုးနွယ်​အလိုက် လေဝိ​အမျိုး​တို့​၏​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။


မေရာရိ​၏​သားမြေး​များ​မှာ မေရာရိ​၏​သား မဟာလိ​၊ မဟာလိ​၏​သား လိဗနိ​၊ လိဗနိ​၏​သား ရှိမိ​၊ ရှိမိ​၏​သား ဩဇ​၊


ထို့နောက် လေဝိ​အမျိုး ကောဟတ်​သားမြေး​မှ အာမသဲ​၏​သား​မာဟတ်​၊ အာဇရိ​၏​သား​ယောလ​၊ မေရာရိ​သားမြေး​မှ အာဗဒိ​၏​သား​ကိရှ​၊ ယေဟလလေလ​၏​သား​အာဇရိ​၊ ဂေရရှုန်​အမျိုး​မှ ဇိမ္မ​၏​သား​ယောအာ​၊ ယောအာ​၏​သား​ဧဒင်​၊


ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်းဝင်​သော​ယဇ်ပုရောဟိတ်​များ​နှင့် အဖွဲ့​လိုက်​တာဝန်​ထမ်းဆောင်​ရ​သော အသက်​နှစ်ဆယ်​နှင့်​အထက်​လေဝိ​အမျိုး​များ​၊


လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား လေဝိ​မျိုးနွယ်စု​၏​ဆွေစဉ်မျိုးဆက်​များ​ဖြစ်​၏​။


လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊ ရှိမိ​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု အပါအဝင်


မျိုးနွယ်စု​အလိုက် ကောဟတ်​၏​သား​များ​ကား အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။


ဂေရရှုန်​မှ လိဗနိ​မျိုးနွယ်စု​နှင့် ရှိမိ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား ဂေရရှုန်​မျိုးနွယ်စု​များ ဖြစ်​၏​။


မေရာရိ​မှ မဟာလိ​မျိုးနွယ်စု​နှင့် မုရှိ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား မေရာရိ​မျိုးနွယ်စု​များ ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ