Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 29:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 29:8
8 ပူးပေါင်းရင်းမြစ်များ  

သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


အနာအဆာ​ပါ​သော​မည်သည့်​အကောင်​ကို​မျှ မ​ပူဇော်​ရ​။ ပူဇော်​လျှင် သင်​တို့​အား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။


အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်သုံး​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။


ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော​နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို ပူဇော်​ရ​မည်​။


နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊


အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။


နွား​၊ သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ