တောလည်ရာ 29:6 - မြန်မာ့စံမီသမ္မာကျမ်6 လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ထိုသို့ထုံးစံရှိသည်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သကာကို ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။