တောလည်ရာ 29:11 - မြန်မာ့စံမီသမ္မာကျမ်11 အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ပုံမှန်မီးရှို့ရာယဇ်တို့နှင့်ဆိုင်သောသွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 ထို့အပြင်လူတို့သန့်စင်မှုဝတ်အတွက်ပူ ဇော်သောဆိတ်၊ နေ့စဉ်ပူဇော်သည့်မီးရှို့ရာ ယဇ်နှင့်တကွဘောဇဉ်သကာ၊ စပျစ်ရည် သကာတို့အပြင်အပြစ်ဖြေရာယဇ် အဖြစ်ဆိတ်ထီးတစ်ကောင်ကိုပူဇော် ရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 အပြစ်ဖြေရာယဇ်ဖို့လည်း၊ ဆိတ်သငယ်တစ်ကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး ထပ်၍ပြုရမည်။ အခန်းကိုကြည့်ပါ။ |
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။