Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 26:64 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

64 ဤ​သူ​တို့​ထဲတွင် သိနာ​တောကန္တာရ​၌ မောရှေ​နှင့်​ယဇ်ပုရောဟိတ်​အာရုန်​တို့ ရေတွက်​ခဲ့​သည့်​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​တစ်​ယောက်​မျှ မ​ပါဝင်​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

64 ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

64 မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​တို့​သည်၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍၊ ထို​စာ​ရင်း၌​ဝင်​သော​သူ တစ်​ယောက်​မျှ​မ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 26:64
10 ပူးပေါင်းရင်းမြစ်များ  

စာရင်းကောက်​ရာ​တွင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စာရင်းဝင်​သော​သူ​ရှိသမျှ​တို့​သည် ငါ့​ကို အပြစ်တင်​ကြ​သည်​ဖြစ်၍ ဤ​တောကန္တာရ​ထဲ၌ သူ​တို့​၏​အလောင်းကောင်​များ ကျန်ရစ်​ရ​လိမ့်မည်​။


သင်​တို့​၏​အလောင်းကောင်​များ​မူကား ဤ​တောကန္တာရ​ထဲ၌ ကျန်ရစ်​ရ​လိမ့်မည်​။


ဤသည်ကား ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​ကို ရေတွက်​ခဲ့​သော​အရေအတွက် ဖြစ်​၏​။


“​ကျွန်မ​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။


သို့သော် ဘုရားသခင်​သည် သူ​တို့​ထဲမှ အများစု​ကို နှစ်သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် တော​ကန္တာရ​၌ သေကျေ​ပျက်စီး​ခဲ့​ကြ​ရ​၏။


တစ်ဖန် အနှစ်​လေးဆယ်​အတွင်း မည်သူ​တို့​အပေါ် အမျက်ထွက်​တော်မူ​ခဲ့​သနည်း။ အပြစ်​ပြု​၍ တော​ကန္တာရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အပေါ်​မ​ဟုတ်​လော။


ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ