Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 26:57 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

57 မျိုးနွယ်စု​အလိုက် လေဝိ​အမျိုး​စာရင်းဝင်​သော​သူ​တို့​ကား ဂေရရှုန်​မှ​ဆင်းသက်​သော ဂေရရှုန်​မျိုးနွယ်စု​၊ ကောဟတ်​မှ​ဆင်းသက်​သော ကောဟတ်​မျိုးနွယ်စု​၊ မေရာရိ​မှ​ဆင်းသက်​သော မေရာရိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

57 လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

57 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော လေ​ဝိ၏​သား​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​သော ဂေ​ရ​ရှော​နိ​အ​ဆွေ​အ​မျိုး၊ ကော​ဟတ်​မှ​ဆင်း​သက်​သော ကော​ဟ​သိ​အ​ဆွေ​အ​မျိုး၊ မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မေ​ရော​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 26:57
12 ပူးပေါင်းရင်းမြစ်များ  

လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


အာရုန်​၏​သား ဧလာဇာ​သည် ပုတျေလ​၏​သမီး​တစ်​ယောက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် ဖိနဟတ်​ကို မွေးဖွား​ပေး​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် လေဝိ​ဘိုးဘေး​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။


သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


မဲ​ကျ​သည့်​အတိုင်း အနည်း​၊ အများ​အလိုက် အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


“​လေဝိ​အမျိုးသား​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် ရေတွက်​လော့​။ တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​ကို ရေတွက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


လေဝိ​၏​သား​တို့​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ