Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 26:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 မနာရှေ​အမျိုးအနွယ်​များ​ကား မာခိရ​မှ​ဆင်းသက်​သော မာခိရ​မျိုးနွယ်စု​၊ မာခိရ​သား ဂိလဒ်​မှ​ဆင်းသက်​သော ဂိလဒ်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 မ​နာ​ရှေ၏​သား​ဟူ​မူ​ကား၊ မာ​ခိ​ရ​မှ​ဆင်း​သက်​သော မာ​ခိ​ရိ​အ​ဆွေ​အ​မျိုး၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 26:29
9 ပူးပေါင်းရင်းမြစ်များ  

ဧဖရိမ်​သည် သား​အငယ်​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်ယာ​လက်​ကို​ဆန့်​၍ ဧဖရိမ်​၏​ခေါင်း​ပေါ်သို့​တင်​၏​။ မနာရှေ​သည် သားဦး​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်​ကို ကြက်ခြေခတ်​၍ မိမိ​၏​လက်ဝဲ​လက်​ကို မနာရှေ​ခေါင်း​ပေါ်သို့​တင်​၏​။


ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


ဟေဇရုံ​သည် အသက်​ခြောက်ဆယ်​အရွယ်​တွင် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သမီး​ကို​ယူ​၍ သား​စေဂုပ်​ကို​ရ​၏​။


ယောသပ်​သားမြေး​တို့​၏​မျိုးနွယ်စု​ဖြစ်​သော မနာရှေ​၏​သား​မာခိရ​၊ မာခိရ​၏​သား​ဂိလဒ်​နှင့် ဂိလဒ်​သား​တို့​၏​မျိုးနွယ်စု​ထဲမှ အိမ်ထောင်စု​အကြီးအမှူး​တို့​သည် မောရှေ​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​ခေါင်းဆောင်​တို့​ထံသို့ လာ​၍


ဂိလဒ်​မြို့​ကို မာခိရ​အမျိုး​အား ငါ​ပေး​၏​။


ယောသပ်​၏​သားဦး​မနာရှေ​အမျိုးအနွယ်​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ မနာရှေ​၏​သားဦး​၊ ဂိလဒ်​၏​ဖခင် မာခိရ​သည် စစ်သူရဲ​ဖြစ်​၍ ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​ကို အမွေ​ရ​၏​။


အို ဗင်္ယာမိန်​၊ အာမလက်​ပြည်​၌ အခြေချ​နေထိုင်​သော ဧဖရိမ်​အမျိုး​တို့​သည် သင်​၏​လူ​တို့​နှင့်အတူ သင့်​နောက်သို့​လိုက်​ကြ​ပြီ​။ မာခိရ​အမျိုး​ထဲမှ ခေါင်းဆောင်​များ​ဆင်းလာ​ကြ​ပြီ​။ ဇာဗုလုန်​အမျိုး​ထဲမှ စစ်သူကြီး​များ ဆင်းလာ​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ