Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 25:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 အသတ်​ခံရ​သော​မိဒျန်​အမျိုးသမီး​၏​အမည်​မှာ ကောဇဘိ​ဖြစ်၍ သူ​သည် မိဒျန်​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​နှင့်ဆိုင်သော​မျိုးနွယ်စု​၏​အကြီးအမှူး​ဖြစ်​သော ဇုရ​၏​သမီး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော မိ​ဒျန်​မိန်း​မ​အ​မည်​ကား၊ မိ​ဒျန်​အ​မျိုး၌ ထင်​ရှား​သော​အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​ဇု​ရ၏​သ​မီး ကော​ဇ​ဘိ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 25:15
7 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် မောဘ​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​သက်ကြီးဝါကြီး​တို့​အား “​နွား​သည် ကွင်းပြင်​မှ​မြက်​ကို လာ​စား​သကဲ့သို့ ယခု ဤ​လူအစုအဝေး​သည် ငါ​တို့​ပတ်ပတ်လည်​၌​ရှိသမျှ​ကို လာ​စား​လိမ့်မည်​”​ဟု ဆို​လေ​၏​။ ထို​ကာလ​၌ ဇိဖော်​၏​သား​ဗာလက်​သည် မောဘ​ပြည်​၏​ဘုရင်​ဖြစ်​၏​။


မိဒျန်​အမျိုးသမီး​နှင့်အတူ အသေသတ်​ခံရ​သည့် အစ္စရေး​အမျိုးသား​၏​အမည်​မှာ ဇိမရိ​ဖြစ်၍ သူ​သည် ရှိမောင်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​ဖြစ်​သော သာလု​၏​သား​ဖြစ်​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


အကြောင်းမူကား သူ​တို့​သည် ပေဂုရ​ဘုရား​အမှု​အားဖြင့်​လည်းကောင်း​၊ ပေဂုရ​ဘုရား​အမှု​ကြောင့် ဘေးဒဏ်​ကျရောက်​သော​နေ့​၌ အသတ်​ခံရ​သော သူ​တို့​၏​နှမ​၊ မိဒျန်​ခေါင်းဆောင်​၏​သမီး​ကောဇဘိ​အမှု​အားဖြင့်​လည်းကောင်း ပရိယာယ်ပြု​၍ သင်​တို့​ကို ရန်ပြု​ခဲ့​၏​”​ဟု မိန့်​တော်မူ​၏​။


ယောက်ျား​အားလုံး​ကို​သတ်​သည့်​အပြင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ​စသော မိဒျန်​ဘုရင်​ငါး​ပါး​ကို​လည်း​သတ်​၏​။ ဗောရ​၏​သား ဗာလမ်​ကို​လည်း ဓား​ဖြင့်​သတ်​လေ​၏​။


လွင်ပြင်​ရှိ မြို့​အားလုံး​၊ ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး​ဖြစ်​၏​။ မောရှေ​သည် ရှိဟုန်​ဘုရင်​နှင့်တကွ ရှိဟုန်​ဘုရင်​မင်းမြှောက်​ထား​၍ ထို​ပြည်​တွင်​နေထိုင်​ကြ​သော​မိဒျန်​ခေါင်းဆောင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ တို့​ကို ကွပ်မျက်​ခဲ့​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ