Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 25:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 မိဒျန်​အမျိုးသမီး​နှင့်အတူ အသေသတ်​ခံရ​သည့် အစ္စရေး​အမျိုးသား​၏​အမည်​မှာ ဇိမရိ​ဖြစ်၍ သူ​သည် ရှိမောင်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​ဖြစ်​သော သာလု​၏​သား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 မိ​ဒျန်​မိန်း​မ​နှင့် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော ဣ​သ​ရေ​လ​လူ၏​အ​မည်​ကား၊ ရှိ​မောင်​အ​မျိုး၌​ထင်​ရှား​သော အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​သာ​လု၏​သား ဇိ​မ​ရိ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 25:14
10 ပူးပေါင်းရင်းမြစ်များ  

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


သူ​တို့​သည် မိဒျန်​ပြည်​မှ​ထွက်​၍ ပါရန်​ပြည်​သို့​သွား​၏​။ ထိုမှ ပါရန်​အမျိုးသား​အချို့​ကို သူ​တို့​နှင့်အတူ​ခေါ်​၍ အီဂျစ်​ပြည်​သို့​သွား​ကာ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ ခိုဝင်​ကြ​၏​။ ဖာရော​မင်းကြီး​သည် သူ​တို့​အား နေစရာ​အိမ်​ကို​ပေး​ကာ အစားအစာ​များ​ကို ထောက်ပံ့​၍ မြေ​ကို​လည်း​ပေး​၏​။


အစ္စရေး​အမျိုးအနွယ်​တို့​ကို အုပ်ချုပ်​ရ​သူ​များ​မှာ ရုဗင်​အမျိုး​တွင် ဇိခရိ​၏​သား​ဧလျေဇာ​၊ ရှိမောင်​အမျိုး​တွင် မာခါ​၏​သား​ရှေဖတိ​၊


ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မတရားမှု​ကို​မ​ပြု​၊ မျက်နှာလိုက်​ခြင်း​မ​ရှိ​၊ တံစိုးလက်ဆောင်​မ​ခံယူ​။ ထို့ကြောင့် ထာဝရဘုရား​ကို ကြောက်ရွံ့​ပြီး သတိ​နှင့်​လုပ်ဆောင်​ကြ​ပါ​လော့​”​ဟု မှာကြား​၏​။


ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။


ထာဝရ​ယဇ်ပုရောဟိတ်​အရိုက်အရာ​ဆိုင်ရာ​ပဋိညာဉ်​သည် သူ​မှစ၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​အတွက်​ဖြစ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​၏​ဘုရားသခင်​အစား သဝန်တို​၍ အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သောကြောင့် ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


အသတ်​ခံရ​သော​မိဒျန်​အမျိုးသမီး​၏​အမည်​မှာ ကောဇဘိ​ဖြစ်၍ သူ​သည် မိဒျန်​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​နှင့်ဆိုင်သော​မျိုးနွယ်စု​၏​အကြီးအမှူး​ဖြစ်​သော ဇုရ​၏​သမီး​ဖြစ်​၏​။


ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး နှစ်သောင်းနှစ်ထောင့်​နှစ်ရာ​ရှိ​၏​။


ရှိမောင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဣသခါ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ