Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 23:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထာဝရဘုရား​သည် ဗာလမ်​နှင့်​တွေ့​၍ ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီး “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​ကို​ကြို​ဆို၍ သူ၏​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 23:16
7 ပူးပေါင်းရင်းမြစ်များ  

ညအချိန်​၌ ဘုရားသခင်​သည် ဗာလမ်​ထံသို့​လာ​၍ “​ဤ​လူ​တို့​သည် သင့်​ကို​ခေါ်​ရန်​လာ​ခြင်း​ဖြစ်လျှင် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​မိန့်ဆို​သော​အရာ​ကို​သာ သင်​ပြု​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း ဗာလမ်​အား “​ဤ​လူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​ပြော​သော​စကား​အတိုင်း​သာ သင်​ပြန်ပြော​ရ​မည်​”​ဟု ဆို​၏​။ သို့ဖြစ်၍ ဗာလမ်​သည် ဗာလက်​မင်းကြီး​၏​မှူးမတ်​တို့​နှင့်အတူ လိုက်သွား​လေ​၏​။


ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၊ ဤ​နေရာ​၌ သင်​ရပ်​နေ​လော့​။ ငါ​သည် ထို​နေရာ​သို့​သွား​၍ ထာဝရဘုရား​နှင့်​တွေ့ဆုံ​မည်​”​ဟု ဆို​၏​။


ဗာလမ်​သည် ဗာလက်​မင်းကြီး​ထံသို့​ပြန်ရောက်​သောအခါ ဗာလက်​မင်းကြီး​က မောဘ​လူမျိုး​အကြီးအကဲ​များ​နှင့်အတူ မီးရှို့ရာယဇ်​နား၌ ရပ်​နေ​သည်​ကို တွေ့​ရ​၏​။ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​သနည်း​”​ဟု မေး​၏​။


ထာဝရဘုရား​သည် ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီးလျှင် “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို​ကောင်းချီးပေး​ရန် အလို​တော်​ရှိ​ကြောင်း ဗာလမ်​သိမြင်​သောအခါ ယခင်​ကဲ့သို့ မှော်အတတ်​ကို​မ​သုံး​တော့​ဘဲ တောကန္တာရ​ဘက်​သို့​လှည့်​၍


သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ