တောလည်ရာ 22:23 - မြန်မာ့စံမီသမ္မာကျမ်23 ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက် လမ်း၌ရပ်နေသည်ကို မြည်းသည် မြင်၍ လမ်းမှလွှဲပြီး လယ်ထဲသို့ ဆင်းသွားလေ၏။ ဗာလမ်သည် မြည်းကို လမ်းပေါ်သို့ပြန်တက်ရန် ရိုက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 မြည်းသည်လမ်းပေါ်တွင်ဓားကိုကိုင်ဆွဲလျက် ရပ်နေသော ကောင်းကင်တမန်ကိုမြင်လျှင်လမ်း လွှဲ၍လယ်ကွင်းထဲသို့ဆင်းလေ၏။ ထိုအခါ ဗာလမ်သည်မြည်းကိုရိုက်၍လမ်းမပေါ်သို့ ပြန်တက်စေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှာ ရိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။