Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:32 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 မောရှေ​သည် လူ​လွှတ်​၍ ယာဇာ​မြို့​ကို​ထောက်လှမ်း​ပြီးနောက် ထို​မြို့​နှင့်ဆိုင်သော​မြို့ရွာ​တို့​ကို​သိမ်းပိုက်​ပြီး ထို​အရပ်​ရှိ​အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

32 မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:32
10 ပူးပေါင်းရင်းမြစ်များ  

အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​၏​”​ဟု မိန့်ဆို​၍ ပဋိညာဉ်​ပြု​လေ​၏​။


သူ​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂဒ်​ချိုင့်ဝှမ်း​အလယ် အာရော်​မြို့​တောင်ဘက်​တွင် စခန်းချ​ကြ​ပြီးနောက် ယာဇာ​မြို့​သို့​ဆက်သွား​ကြ​၏​။


အို စိဗမာ​မြို့​ရှိ​စပျစ်နွယ်ပင်​၊ ယာဇာ​မြို့​ကြောင့် ငိုကြွေး​သည်​ထက် သင့်​ကြောင့် ငါ​ငိုကြွေး​မည်​။ သင်​၏​အကိုင်း​တို့​သည် ဖြာထွက်​၍ ယာဇာ​ပင်လယ်​တိုင်အောင် ရောက်ရှိ​ကြ​၏​။ သို့သော် သင်​၏​နွေရာသီသီးနှံ​နှင့် စပျစ်သီး​တို့​သည် အဖျက်ဆီး​ခံရ​လေ​ပြီ​။


ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​ပြည်​၌ နေထိုင်​ကြ​၏​။


ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​၌ တိရစ္ဆာန်​မြောက်မြား​စွာ​ရှိ​၏​။ ယာဇာ​ပြည်​နှင့်​ဂိလဒ်​ပြည်​ကို တိရစ္ဆာန်​တို့​အတွက် စားကျက်​ကောင်း​သော​အရပ်​ဖြစ်​သည်​ကို တွေ့မြင်​လျှင်


“​အတရုတ်​၊ ဒိဘုန်​၊ ယာဇာ​၊ နိမရ​၊ ဟေရှဘုန်​၊ ဧလာလေ​၊ ရှေဘံ​၊ နေဗော​၊ ဗောန​စသော


အာတရုတ်ရှောဖန်​၊ ယာဇာ​၊ ယုဗ္ဗေဟ​၊


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ ယာဇာ​မြို့​၊ ဂိလဒ်​ပြည်​ရှိ​မြို့​အားလုံး​၊ ရဗ္ဗာ​မြို့​အရှေ့ဘက်​ရှိ အာရော်​မြို့​အထိ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​တစ်ဝက်​၊


သင်​တို့​၏​ဓား​အားဖြင့်​မ​ဟုတ်​၊ လေး​အားဖြင့်​လည်း​မ​ဟုတ်​။ ငါ​သည် ပျားတူ​များ​ကို သင်​တို့​ရှေ့​မှ စေလွှတ်​၍ အာမောရိ​လူမျိုး​တို့​ရှင်ဘုရင်​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ