Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​စကား​ကို​နားညောင်း​တော်မူ​၍ ခါနာန်​လူမျိုး​တို့​ကို သူ​တို့​လက်​သို့ အပ်​သဖြင့် ထို​လူမျိုး​နှင့်​သူ​တို့​၏​မြို့​များ​ကို အကုန်အစင်​ဖျက်ဆီး​ပြီး ထို​အရပ်​၏​အမည်​ကို ဟောမာ​ဟု ခေါ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​လျှောက်​ထား​သည် အ​တိုင်း​ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက် အောင်​မြင်​စေ​တော်​မူ​၏။ ထို​ကြောင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ​တို့​၏​မြို့​များ​ကို လုံး​ဝ​ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​ကို ဟော်​မာ​ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ စ​ကား​ကို​နား​ထောင်၍၊ ထို​ခါ​နာန်​အ​မျိုး​သား​တို့​ကို အပ်​တော်​မူ၏။ သူ​တို့​နှင့် သူ​တို့​မြို့​များ​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ထို​အ​ရပ်​ကို ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:3
11 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။


ထာဝရဘုရား​သည် ငါ​၏​အသံ​၊ ငါ​၏​အသနားခံ​ခြင်း​ကို နားညောင်း​တော်မူ​သောကြောင့် ငါ​သည် ကိုယ်တော်​ကို ချစ်​၏​။


သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။


ထိုအခါ တောင်ပေါ်ဒေသ​၌ နေထိုင်​နှင့်​သော​ခါနာန်​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့​သည် ဆင်းလာ​၍ သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ ဟောမာ​အရပ်​တိုင်အောင် သူ​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။


ထို​တောင်ပေါ်ဒေသ​၌​နေထိုင်​ကြ​သော​အာမောရိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ရန် ထွက်လာ​ကြ​ပြီး ပျား​များ​လိုက်​သကဲ့သို့ သင်​တို့​ကို​လိုက်​၍ စိရ​အရပ်​မှ ဟောမာ​အရပ်​တိုင်အောင် သင်​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။


သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​အမွေ​အဖြစ်​ပေး​တော်မူ​သော


ဟောမာ​ဘုရင်​တစ်ပါး​၊ အာရဒ်​ဘုရင်​တစ်ပါး​၊


ဧလတောလဒ်​မြို့​၊ ခေသိလ​မြို့​၊ ဟောမာ​မြို့​၊


တစ်ဖန် ယုဒ​အမျိုး​တို့​သည် မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​နှင့်အတူ ဇေဖတ်​မြို့သား ခါနာန်​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​ကာ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပြီးလျှင် ထို​မြို့​ကို ဟောမာ​မြို့​ဟု ခေါ်​လေ​၏​။


ဟောမာ​မြို့သား​များ​၊ ခေါရာရှန်​မြို့သား​များ​၊ အာသက်​မြို့သား​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ