Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 အကြီးအကဲ​တို့​တူး​သော​ရေတွင်း​၊ အမျိုးသားချင်း​တို့​ထဲမှ​မြင့်မြတ်​သူ​တို့ ကျိုင်း​နှင့်​တောင်ဝှေး​အားဖြင့် တူး​သော​ရေတွင်း​”​ဟူသော သီချင်း​ကို​သီဆို​ကြ​၏​။ ထို့နောက် သူ​တို့​သည် တောကန္တာရ​မှ မတ္တနာ​အရပ်​သို့​လည်းကောင်း​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့် တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။ သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 တ​ရား​မင်း​စီ​ရင်​သည်​အ​တိုင်း၊ မှူး​မတ်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ​ပြီ။ လူ​တို့​တွင် အ​ကဲ​အ​မှူး​တို့​သည် တောင်​ဝှေး​တို့​နှင့် ရေ​တွင်း​ကို​တူး​ကြ​ပြီ​ဟု သီ​ချင်း​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:18
12 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​နှင့် သူ​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​က​လည်း သိုး​တံခါး​ကို ပြန်လည်​တည်ဆောက်​၍ ဆက်ကပ်​ကြ​ပြီး တံခါးရွက်​များ​ကို တပ်ဆင်​ကြ​၏​။ မေအာ​ရဲတိုက်​အထိ​၊ ထိုမှ ဟာနနေလ​ရဲတိုက်​အထိ မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ပြီး ဆက်ကပ်​ကြ​၏​။


သူ​၏​ဘေး​တွင် တေကော​မြို့သား​တို့ ပြုပြင်​ကြ​၏​။ သို့သော် သူ​တို့​၏​ခေါင်းဆောင်​တို့​သည် သခင်​စေခိုင်း​သည်​ကို မ​ထမ်းဆောင်​လို​ကြ​ပေ​။


အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။


ထိုအခါ အစ္စရေး​လူမျိုး​တို့​က “​အို ရေတွင်း​၊ ရေ​ထွက်​လော့​။ ရေတွင်း​ကို သီချင်းဆို​ကြ​လော့​။


မတ္တနာ​အရပ်​မှ နဟာလျေလ​အရပ်​သို့​လည်းကောင်း​၊ နဟာလျေလ​အရပ်​မှ ဗာမုတ်​အရပ်​သို့​လည်းကောင်း​၊


အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။


မောရှေ​သည် ယာကုပ်​အမျိုး​တို့​ပိုင်ဆိုင်​ရာ​ပညတ်တရား​ကို ငါ​တို့​အား ပေး​ထား​၏​။


သင်​မူကား ငါ့​ထံပါး ဤ​နေရာ​၌​ရပ်​နေ​လော့​။ သူ​တို့​အား ငါ​အပိုင်​ပေး​မည့်​ပြည်​၌ သူ​တို့​လိုက်နာ​ရန် သူ​တို့​အား သင်ကြား​ပေး​ရ​မည့် ပညတ်တော်​အလုံးစုံ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင့်​အား ငါ​မိန့်ဆို​မည်​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။


ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ