Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ အာမောရိ​ပြည်​၏​နယ်စပ်​နှင့်​ဆက်​နေ​သော တောကန္တာရ​ရှိ အာနုန်​ချောင်း​တစ်ဖက်ကမ်း​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​နှင့်​အာမောရိ​ပြည်​အကြား​ရှိ မောဘ​ပြည်​၏​နယ်စပ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ထို​အ​ရပ်​မှ​တစ်​ဖန် ပြောင်း​ပြန်၍၊ အာ​မော​ရိ​ပြည်​နယ်​နှင့်​စပ်​သော တော၌​ရှိ​သော အာ​နုန်​ချောင်း​နား​တစ်​ဖက်​တစ်​ချက်၌ စ​ခန်း​ချ​ကြ၏။ အာ​နုန်​ချောင်း​ကား၊ မော​ဘ​ပြည်၊ အာ​မော​ရိ​ပြည်​စပ်​ကြား အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:13
8 ပူးပေါင်းရင်းမြစ်များ  

အသိုက်​အဖျက်​ခံရ​၍ ထွက်ပြေး​သော​ငှက်​များ​ကဲ့သို့ မောဘ​သမီး​တို့​သည် အာနုန်​မြစ်​ဆိပ်​၌ ရောက်​နေ​ကြ​၏​။


မောဘ​ပြည် ပြိုလဲ​ပြီ​ဖြစ်၍ အရှက်ကွဲ​ပြီ​။ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ မောဘ​ပြည် ဖျက်ဆီး​ခံရ​ကြောင်း​ကို အာနုန်​ချောင်း​တစ်လျှောက် ကြေညာ​ကြ​လော့​။


သို့ဖြစ်၍ ထာဝရဘုရား​၏​စစ်ပွဲ​များ ဟူသော​စာအုပ်​တွင် “​သုပ​အရပ်​ရှိ ဝါဟက်​မြို့​၊ အာနုန်​ချောင်း​များ​၊


ဗာလက်​မင်းကြီး​သည် ဗာလမ်​လာ​ကြောင်း​ကြား​သောအခါ မိမိ​နယ်မြေ​အစွန်အဖျား​၊ အာနုန်​ချောင်း​အနီး​ရှိ မောဘ​ပြည်​၏​မြို့​တစ်​မြို့​၌ သူ့​နှင့်​တွေ့ဆုံ​ရန် ထွက်လာ​၏​။


ယခု ထ​၍ ဇာရက်​ချောင်း​ကို သင်​တို့​ကူးသွား​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ငါ​တို့​သည် ဇာရက်​ချောင်း​ကို​ကူးသွား​ကြ​၏​။


‘​ယနေ့ သင်​တို့​သည် အာရ​ပြည်​၊ မောဘ​နယ်စပ်​ကို ဖြတ်သွား​ရ​မည်​။


ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။


ထိုမှ ဧဒုံ​ပြည်​၊ မောဘ​ပြည်​ကို​ရှောင်ကွင်း​၍ တောကန္တာရ​ကို​ဖြတ်​ကာ မောဘ​ပြည်​အရှေ့ဘက်​သို့​ရောက်​သောအခါ အာနုန်​ချောင်း​တစ်ဖက်​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​၏​နယ်နိမိတ်​ဖြစ်​သောကြောင့် သူ​တို့​သည် မောဘ​နယ်နိမိတ်​ထဲ​ကို မ​ဝင်​ခဲ့​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ