Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 2:25 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ဒန်​တပ်စခန်း​၏​အလံ​နား​ရှိ ဒန်​တပ်ဖွဲ့​သည် မြောက်ဘက်​၌ စခန်းချ​ရ​မည်​။ အမိရှဒ္ဒဲ​၏​သား အဟေဇာ​သည် ဒန်​အမျိုးသား​တို့​၏​ခေါင်းဆောင်​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25-31 မြောက်​ဘက်​မျက်​နှာ​တွင်​ဒန်​၏​တပ်​နှင့်​ဆိုင် သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင် များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ၆၂၇၀၀ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ၄၁၅၀၀ န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ ၅၃၄၀၀* စု​စု​ပေါင်း ၁၅၇၆၀၀ ဒန်​၏​တပ်​သည်​နောက်​ဆုံး​နေ​ရာ​မှ​လိုက်​၍ ချီ​တက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 တပ်​များ​မြောက်​မျက်​နှာ၌၊ ဒန်​တပ်​အ​လုံး​အ​ရင်း​သည် ဒန်​အ​လံ​ကို​ထူ၍ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​သည်၊ ဒန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 2:25
7 ပူးပေါင်းရင်းမြစ်များ  

ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊


ဒန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


ဒန်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ တပ်စခန်း​အားလုံး​ကို​အကာအကွယ်​အဖြစ် နောက်ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိရှဒ္ဒဲ​၏​သား အဟေဇာ ဦးစီး​၏​။


အဟေဇာ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ခြောက်သောင်း​နှစ်ထောင့်​ခုနစ်​ရာ ဖြစ်​၏​။


မေရာရိ​မျိုးနွယ်စု​များ​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​သည် အဘိဟဲလ​၏​သား ဇုရေလ ဖြစ်​၏​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘေး မြောက်ဘက်​အရပ်​၌ စခန်းချ​ရ​မည်​။


ဒသမ​နေ့​၌ ဒန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိရှဒ္ဒဲ​၏​သား အဟေဇာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ


မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိရှဒ္ဒဲ​၏​သား အဟေဇာ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ