တောလည်ရာ 19:20 - မြန်မာ့စံမီသမ္မာကျမ်20 မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version20 ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှာ မပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။ အခန်းကိုကြည့်ပါ။ |
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။