တောလည်ရာ 17:8 - မြန်မာ့စံမီသမ္မာကျမ်8 နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။