Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 16:34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ထို​သူ​တို့​၏​အော်သံ​ကို သူ​တို့​ပတ်ပတ်လည်​၌​ရှိ​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ “​ငါ​တို့​ကို​လည်း မြေ​မျို​လိမ့်မည်​”​ဟု ဆို​လျက် ထွက်ပြေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

34 သူ​တို့​အော်​ဟစ်​သံ​ကို ပတ်​ဝန်း​ကျင်၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​လျှင်၊ ငါ​တို့​ကို​လည်း မြေ​မျို​ကောင်း​မျို​လိမ့်​မည်​ဟု စိုး​ရိမ်​လျက်​ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 16:34
6 ပူးပေါင်းရင်းမြစ်များ  

မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။


ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။


ထို​သူ​တို့​သည် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​နှင့်အတူ မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​၏​။ မြေကြီး​သည် ပြန်ပိတ်​သွား​လေ​၏​။ သူ​တို့​သည် လူအစုအဝေး​ထဲမှ ပျောက်ကွယ်​သွား​လေ​၏​။


ထာဝရဘုရား​ထံ​တော်​မှ​လည်း မီး​ထွက်လာ​၍ နံ့သာပေါင်း​ပူဇော်​နေ​သော လူ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​ကို လောင်ကျွမ်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ