Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 16:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​၏​မြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1-2 လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​သား ဣ​ဇ​ဟာ၏​သား​ကော​ရ​သည်၊ ရု​ဗင်​အ​မျိုး​ဧ​လျာ​ဘ၏​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်၏​သား ဩ​န​တို့​ကို​ခေါ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 16:1
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ဘုရားသခင်​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ


လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ ကောဟတ်​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​သုံး​နှစ်​ဖြစ်​၏​။


ဣဇဟာ​၏​သား​များ​မှာ ကောရ​၊ နေဖက်​၊ ဇိခရိ တို့​ဖြစ်​ကြ​၏​။


ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


“​ကျွန်မ​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။


မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​၏​မြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။


သူ​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကာဣန​၏​လမ်းစဉ်​ကို​လိုက်​၍ အခကြေးငွေ​အတွက် ဗာလမ်​၏​မှားယွင်း​ခြင်း​ထဲသို့​ကျရောက်​သွား​ကာ ကောရ​၏​ဆန့်ကျင်​မှု​မျိုး​၌ ပျက်စီး​ဆုံးရှုံး​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ