တောလည်ရာ 15:28 - မြန်မာ့စံမီသမ္မာကျမ်28 မရည်ရွယ်ဘဲအပြစ်ပြုမိသော ထိုသူအတွက် ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောအခါ ထိုသူသည် အပြစ်လွှတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version28 ယဇ်ပုရောဟိတ်သည်ထိုသူအတွက်အပြစ် ဖြေရာယဇ်ကိုပူဇော်သောအားဖြင့် အပြစ် မှလွတ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version28 ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှားမိသောထိုသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကိုပြုရသဖြင့် ထိုအပြစ်ကိုလွှတ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။