Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ တရား​သည် တစ်မျိုးတည်း​၊ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သင်​တို့​နှင့်​သူ​တို့​အ​တွက်​ပြ​ဋ္ဌာန်း​ချက်​များ သည်​လည်း တ​ပြေး​ညီ​ဖြစ်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:16
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​မ​ဟုတ်​သော တစ်ပါးအမျိုးသား​တို့​သည်​လည်း ကိုယ်တော်​၏​နာမ​တော်​ကြောင့် ဝေး​သော​အရပ်​မှ​လာ​၍


အမျိုးသားချင်း​အတွက်​ဖြစ်စေ​၊ သင်​တို့​ထဲ​တွင်​တည်းခိုနေထိုင်​သော တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ ပညတ်တရား​တစ်ပါးတည်း​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ သင်​တို့​၌ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သာမန်လူ​ထဲမှ​တစ်စုံတစ်ယောက်​သည် ‘မ​လုပ်​ရ’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ထို​မြို့​ခြောက်​မြို့​သည် အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ သူ​တို့​၏​ဧည့်သည်​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ​မည်သူမဆို ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။


သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ