Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 14:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထို့ပြင် သူ​တို့​က “​ငါ​တို့​သည် အကြီးအမှူး​တစ်​ဦး​ကို တင်မြှောက်​၍ အီဂျစ်​ပြည်​သို့​ပြန်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 တစ်​ဖန် လူ​တစ်​စုံ​တစ်​ယောက်​ကို​ချီး​မြှောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​ကြ​စို့​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 14:4
11 ပူးပေါင်းရင်းမြစ်များ  

စစ်ပွဲ​မ​ကြုံ​၊ တံပိုးမှုတ်သံ​မ​ကြား​၊ အစာ​မွတ်သိပ်ခြင်း​မ​ရှိ​ရာ အီဂျစ်​ပြည်​သို့​သွား​၍ ထို​အရပ်​၌​နေ​မည်​’​ဟု ဆို​လျှင်


သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ထာဝရဘုရား​ကို သင်​တို့ စွန့်ပယ်​ကြ​၍ “​ငါ​တို့​သည် အဘယ်ကြောင့် အီဂျစ်​ပြည်​မှ​ထွက်လာ​ကြ​သနည်း​”​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ငိုကြွေး​လျက်​ဆို​ကြ​သောကြောင့် သင်​တို့​၏​နှာခေါင်း​မှ​ထွက်​၍ သင်​တို့​ရွံရှာ​သည်​အထိ တစ်လလုံး အသား​ကို စား​ရ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ မောရှေ​နှင့်​အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အစုအဝေး​အပေါင်း​တို့​၏​ရှေ့​၌ ပျပ်ဝပ်​လျက်​နေ​ကြ​၏​။


လောတ​၏​ဇနီး​ကို​သတိရ​ကြ​လော့။


သို့သော် ငါ​တို့​၏​ဘိုးဘေး​များ​သည် သူ့​စကား​ကို​နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်ပယ်​၍ သူ​တို့​၏​စိတ်နှလုံး​ထဲ၌ အီဂျစ်​ပြည်​ကို​တမ်းတ​ကာ


ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။


‘​ထို​လမ်း​ကို နောက်တစ်ဖန် သင်​မ​မြင်​ရ​’​ဟု သင့်​အား ငါ​ဆင့်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင့်​ကို အီဂျစ်​ပြည်​သို့ ထို​လမ်း​ဖြင့်​မ​ဟုတ်​ဘဲ သင်္ဘော​နှင့်​ပြန်သွား​စေ​တော်မူ​မည်​။ ထို​ပြည်​၌ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် သင့်ကိုယ်သင် သင့်​ရန်သူ​တို့​ထံသို့ ရောင်း​မည်​။ သင့်​ကို မည်သူ​မျှ​ဝယ်​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။


သူ​တို့​သည် မိမိ​တို့​ထွက်ခွာ​လာ​ခဲ့​သော​ပြည်​ကို သတိရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အခွင့်အခါ​ရှိ​ခဲ့​ပေ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ