တောလည်ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်19 ကိုယ်တော်၏မေတ္တာကရုဏာတော်ကြီးမြတ်သည်နှင့်အမျှ ကိုယ်တော်သည် ဤလူမျိုးကို အီဂျစ်ပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ခွင့်လွှတ်တော်မူခဲ့သည့်နည်းတူ ဤလူမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုသောသဘော၊ သနားစုံမက်သောသဘော၊ စိတ်ရှည်သောသဘော၊ မေတ္တာကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။