တောလည်ရာ 11:1 - မြန်မာ့စံမီသမ္မာကျမ်1 လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 တစ်ဖန် လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည် လူတို့အား ‘သင်တို့က “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏”ဟုဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။