Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 10:25 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ဒန်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ တပ်စခန်း​အားလုံး​ကို​အကာအကွယ်​အဖြစ် နောက်ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိရှဒ္ဒဲ​၏​သား အဟေဇာ ဦးစီး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 နောက်​ဆုံး​တပ်​တည်း​ဟူ​သော ဒန်​တပ် အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဒန်​တပ်​ကို အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 10:25
12 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အလျင်စလို​မ​ထွက်သွား​ရ​ကြ​။ ပြေး​၍​လည်း​မ​သွား​ရ​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ရှေ့​၌​ကြွ​တော်မူ​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် အနောက်​မှ​လည်း သင်​တို့​ကို ကာကွယ်​တော်မူ​မည်​။


ထိုသို့​ပြု​လျှင် သင်​၏​အလင်း​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ သင်​၏​အနာရောဂါ​သည် အလျင်အမြန်​ပျောက်ကင်း​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် သင့်​ရှေ့​၌​သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် သင့်​ကို အနောက်မှ​ကာကွယ်​တော်မူ​မည်​။


ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊


ဗင်္ယာမိန်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဂိဒေါနိ​၏​သား အဘိဒန် ဦးစီး​၏​။


အာရှာ​သားမြေး​တို့​၏​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဩကရန်​၏​သား ပါဂျေလ ဦးစီး​၏​။


ဒသမ​နေ့​၌ ဒန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိရှဒ္ဒဲ​၏​သား အဟေဇာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ


ထာဝရဘုရား​၏​ရှေ့​တော်​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သော​ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို အဆက်မပြတ်​မှုတ်​၍​ချီသွား​ကြ​၏​။ ထိုစဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နောက်မှ​ချီသွား​ကြ​၏​။


တံပိုး​မှုတ်​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​လျက်​ချီတက်​ကြ​စဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ​ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​ကား သေတ္တာ​တော်​နောက်မှ ချီသွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ