Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 1:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5-16 သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင် ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး၊ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 1:5
17 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးအနွယ်​တို့​ကို အုပ်ချုပ်​ရ​သူ​များ​မှာ ရုဗင်​အမျိုး​တွင် ဇိခရိ​၏​သား​ဧလျေဇာ​၊ ရှိမောင်​အမျိုး​တွင် မာခါ​၏​သား​ရှေဖတိ​၊


ရှိမောင်​အမျိုး​မှ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၊


ယုဒ​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ရှေ့ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိနဒပ်​၏​သား နာရှုန် ဦးစီး​၏​။


ထို့နောက် ရုဗင်​တပ်စခန်း​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို ရှေဒုရ​၏​သား ဧလိဇုရ ဦးစီး​၏​။


ရုဗင်​တပ်စခန်း​၏​အလံ​နား​ရှိ ရုဗင်​တပ်ဖွဲ့​သည် တောင်ဘက်​၌ စခန်းချ​ရ​မည်​။ ရှေဒုရ​၏​သား ဧလိဇုရ​သည် ရုဗင်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။


ယုဒ​တပ်စခန်း​၏​အလံ​နား​ရှိ ယုဒ​တပ်ဖွဲ့​သည် အရှေ့ဘက် နေထွက်​ရာ​အရပ်​၌ စခန်းချ​ရ​မည်​။ အမိနဒပ်​၏​သား နာရှုန်​သည် ယုဒ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။


ပထမ​နေ့​၌ ယုဒ​အမျိုးအနွယ်​မှ အမိနဒပ်​၏​သား နာရှုန်​သည် ပူဇော်သက္ကာ​ကို ယူဆောင်​လာ​၏​။


အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သည့် စာရင်းဝင်​သူ​တို့​ကို ကြီးကြပ်​ရ​သော အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​များ​သည် လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​ကြ​၏​။


စတုတ္ထ​နေ့​၌ ရုဗင်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ရှေဒုရ​၏​သား ဧလိဇုရ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ