Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 1:47 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

47 လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

47 လေ​ဝိ​သား​တို့​သည်၊ ဘိုး​ဘ​အ​မျိုး​အ​လိုက် စာ​ရင်း​မ​ဝင်​ရ​သည်​အ​မှု​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 1:47
12 ပူးပေါင်းရင်းမြစ်များ  

ယွာဘ​သည် ရှင်ဘုရင်​၏​အမိန့်​တော်​ကို မနှစ်သက်​သဖြင့် လေဝိ​အမျိုး​နှင့်​ဗင်္ယာမိန်​အမျိုး​ကို ထည့်​၍​စာရင်း​မ​ကောက်​ချေ​။


သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။


ထာဝရဘုရား​က မောရှေ​အား


လေဝိ​အမျိုး​တို့​ကို သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​၊ ထို​တဲ​တော်​နှင့်​ဆိုင်​သမျှ​တို့​ကို ထိန်းသိမ်း​ဖို့ ခန့်အပ်​လော့​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏ တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​ဆောင်ရွက်​၍ ထို​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


သိနာ​တောင်​ပေါ်၌ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အချိန်​ကာလ​တွင် အာရုန်​နှင့်​မောရှေ​တို့​၏​ဆွေစဉ်မျိုးဆက်​များ​မှာ ဤသို့​ဖြစ်​၏​။


တစ်ဖန် သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား


“​လေဝိ​အမျိုးသား​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် ရေတွက်​လော့​။ တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​ကို ရေတွက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လူ​အသီးသီး​မိမိ​တို့​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​အလိုက် သူ​တို့​ကို ခန့်အပ်​ထား​၏​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သူ​တို့​ကို ရေတွက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ