Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 1:33 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 ဧဖရိမ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါး​ရာ ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

33 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ရာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 1:33
7 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖခင်​သည်​ငြင်းဆန်​လျက် “​ငါ​သိ​၏ ငါ့​သား​။ ငါ​သိ​၏​။ သူ​သည် လူမျိုး​တစ်​မျိုး​ဖြစ်လာ​မည်​။ ကြီးမြတ်​သော​သူ​လည်း​ဖြစ်လာ​မည်​။ သို့သော် ညီ​သည် အစ်ကို​ထက်​ကြီးမြတ်​၍ ညီ​၏​သားစဉ်မြေးဆက်​သည် လူမျိုး​များစွာ​ဖြစ်လာ​မည်​”​ဟု ဆို​၏​။


အီဂျစ်​ပြည်​သို့​ငါ​မ​ရောက်လာ​မီ အီဂျစ်​ပြည်​၌ သင်​ရ​နှင့်​သော သား​နှစ်​ယောက်​သည် ငါ့​သား​များ​ဖြစ်​၏​။ ဧဖရိမ်​နှင့်​မနာရှေ​သည် ရုဗင်​နှင့်​ရှိမောင်​ကဲ့သို့ ငါ့​သား​များ​ဖြစ်​ရ​မည်​။


ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


မနာရှေ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


ဧလိရှမာ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ ဖြစ်​၏​။


ဤသည်ကား ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ သုံးသောင်း​နှစ်ထောင့်​ငါး​ရာ​ရှိ​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ် တို့​ဖြစ်​ကြ​၏​။


သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုး​တကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ