Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 1:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ရှိ​မောင်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 1:22
11 ပူးပေါင်းရင်းမြစ်များ  

သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ​အမုန်း​ခံရ​သည်​ကို ထာဝရဘုရား​ကြား​သောကြောင့် ဤ​သား​ကို​လည်း ငါ့​အား​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​လျက် သူ​၏​အမည်​ကို ရှိမောင် ဟု​မှည့်ခေါ်​လေ​၏​။


ယောသပ်​သည် သူ​တို့​ထံမှ​လှည့်ထွက်​သွား​၍ ငိုကြွေး​၏​။ တစ်ဖန် သူ​တို့​ထံသို့​ပြန်လာ​၍ သူ​တို့​နှင့်​စကားပြော​ပြီးလျှင် သူ​တို့​ထဲမှ ရှိမောင်​ကို​ခေါ်ထုတ်​၍ သူ​တို့​ရှေ့​၌ ချည်နှောင်​စေ​၏​။


ရှိမောင်​၏​သား​များ​မှာ ယေမွေလ​၊ ယာမိန်​၊ ဩဟဒ်​၊ ယာခိန်​၊ ဇောဟာ​နှင့် ခါနာန်​အမျိုးသမီး​၏​သား​ရှောလ တို့​ဖြစ်​ကြ​၏​။


ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊ ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။


ရုဗင်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ရှိ​၏​။


ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။


ရှိမောင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဣသခါ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ