နေဟမိ 9:30 - မြန်မာ့စံမီသမ္မာကျမ်30 ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version30 နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော်၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သောကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။