နေဟမိ 8:16 - မြန်မာ့စံမီသမ္မာကျမ်16 ထို့ကြောင့် လူတို့သည် ထွက်သွား၍ သစ်ခက်များကိုယူဆောင်လာကြပြီး မိမိတို့အိမ်ခေါင်မိုးပြင်၊ အိမ်ဝင်းအတွင်း၊ ဘုရားသခင်၏အိမ်တော်ဝင်းအတွင်း၊ ရေတံခါးရှေ့ကွင်းပြင်၊ ဧဖရိမ်တံခါးရှေ့ကွင်းပြင် စသည်တို့၌ ယာယီတဲကို ဆောက်လုပ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာလည်းကောင်း၊ မိမိဝင်းထဲ၊ ဗိမာန်တော် တံတိုင်းထဲမှာလည်းကောင်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါးလမ်းမှာလည်းကောင်း သစ်ခက်တဲများကို လုပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။