Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 7:72 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

72 အခြားသူ​တို့​က​လည်း ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင်​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ခြောက်ဆယ့်​ခုနစ်​စုံ​ကို ပေးလှူ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

72 ကြွင်း​သော​သူ​တို့​သည်​လည်း ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက်​နှစ်​သောင်း၊ ယဇ်​ပု​ရော​ဟိတ် အ​ဝတ်​စုံ ခြောက်​ဆယ်​ခု​နစ်​စုံ​ကို သွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:72
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ


သတ္တမ​လ ရောက်​သောအခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌​နေထိုင်​ကြ​သော အစ္စရေး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်စိတ်တစ်သဘောတည်း​စုဝေး​လာ​ကြ​၍


ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည်


အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင့်​နှစ်ရာ​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။


ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ပြည်သား​အချို့​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​သို့ ပြန်လာ​နေထိုင်​ကြ​၏​။ ခုနစ်​လ​မြောက်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​တွင် အခြေတကျ​ဖြစ်လာ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ