နေဟမိ 6:10 - မြန်မာ့စံမီသမ္မာကျမ်10 မဟေတဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယသည် အိမ်ထဲ၌ ပုန်းအောင်းနေသဖြင့် ငါသည် သူ့ဆီသို့သွား၏။ ထိုအခါ သူက “ဗိမာန်တော်အတွင်း ဘုရားသခင်၏အိမ်တော်မှာ နေကြစို့။ ဗိမာန်တော်တံခါးများလည်း ပိတ်ထားကြစို့။ အကြောင်းမှာ သင့်ကို လာသတ်ကြလိမ့်မည်။ ညအချိန်မှာ သင့်ကို လာသတ်ကြလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သား ရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူက ဘုရားသခင်၏အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှာ လာကြလိမ့်မည်။ ယနေ့ည၌ပင် လာကြလိမ့်မည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |