နေဟမိ 6:1 - မြန်မာ့စံမီသမ္မာကျမ်1 ငါသည် မြို့ရိုးကိုအပေါက်ရာပင်မကျန်အောင် ပြန်လည်တည်ဆောက်ပြီးစီးကြောင်း သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူမျိုးဂေရှင်နှင့် အခြားရန်သူတို့ ကြားသိလေ၏။ ထိုအချိန်က မြို့တံခါးများပင် မတပ်ဆင်ရသေးချေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သတင်းကြားသောအခါ၊ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။