Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 4:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ထို့ကြောင့် တံပိုးမှုတ်သံ​ကို​ကြား​လျှင် ရှိ​သည့်​နေရာ​မှ ငါ့​ထံသို့​စုရုံး​လာ​ကြ​လော့​။ ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​အတွက် စစ်တိုက်​တော်မူ​မည်​”​ဟု မှာကြား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 သို့​ဖြစ်၍၊ တံ​ပိုး​မှုတ်​သံ​ကို ကြား​လေ​ရာ​ရာ​အ​ရပ်​မှ၊ ငါ​တို့​ထံ​သို့ စည်း​ဝေး​ကြ။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ငါ​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:20
10 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ယွာဘ​က “​ဆီးရီးယား​လူမျိုး​တို့​ဘက်က အရေးသာ​နေ​လျှင် ငါ့​ကို​လာကူ​ပါ​။ အမ္မုန်​အမျိုးသား​တို့​ဘက်က အရေးသာ​နေ​လျှင် သင့်​ကို ငါ​လာကူ​မည်​။


ငါ​က​လည်း ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​အလုပ်​မှာ များမြောင်​ကျယ်ပြန့်​လှ​သည်​ဖြစ်​၍ ငါ​တို့​သည် မြို့ရိုး​တစ်လျှောက် တစ်ဦး​နှင့်​တစ်ဦး ခပ်ဝေးဝေး​မှာ ခွဲ​၍​အလုပ်​လုပ်​နေ​ကြ​ရ​၏​။


ဤနည်းဖြင့် နံနက်​အရုဏ်တက်​ချိန်​မှစ၍ ည​ကြယ်​ထွက်လာ​သည့်​အချိန်​ထိ ငါ​တို့​အလုပ်​လုပ်​နေ​စဉ် လူ​တစ်ဝက်​မှာ လှံ​များ​ကိုင်ဆောင်​ကြ​၏​။


ထာဝရဘုရား​သည် သင်​တို့​အတွက် စစ်တိုက်​တော်မူ​မည်​ဖြစ်၍ သင်​တို့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​မည်​”​ဟု ဆို​လေ​၏​။


သူ​တို့​၏​ရထား​များ​ကို​လည်း မောင်း​ရ​ခက်ခဲ​စေရန် ဘီး​များ​ကို ကျွတ်ထွက်​စေ​တော်မူ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​က “​အစ္စရေး​လူမျိုး​တို့​ထံ​မှ ငါ​တို့​ထွက်ပြေး​ကြ​စို့​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​ဘက်​မှ​နေ​၍ အီဂျစ်​လူမျိုး​တို့​ကို စစ်တိုက်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။


ထို့နောက် ထာဝရဘုရား​သည် စစ်တိုက်​ရာ​ကာလ​တွင် တိုက်ခိုက်​သကဲ့သို့ ထို​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​တော်မူ​မည်​။


သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊


အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွချီ​၍ သင်​တို့​အတွက် သင်​တို့​၏​ရန်သူ​တို့​ကို တိုက်ခိုက်​တော်မူ​မည်​ဖြစ်​သောကြောင့် သင်​တို့​အောင်ပွဲ​ခံရ​လိမ့်မည်​’​ဟု ပြောကြား​ရ​မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် စစ်တိုက်​တော်မူ​မည်​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​နှင့်​’​ဟု ဆို​၏​။


သင်​တို့​ကို ကတိပြု​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အဖို့​စစ်တိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​တွင်​တစ်​ယောက်​သည် အယောက်​တစ်ထောင်​ကို​လိုက်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ