Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 3:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သူ​၏​ဘေး​တွင် ယေရွှာ​၏​သား မိဇပါ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ ဧဇာ​သည် လက်နက်တိုက်​သို့​တက်သွား​ရာ​လမ်း​နှင့်​မျက်နှာချင်းဆိုင် ထောင့်ချိုး​အထိ ပြုပြင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 သူ့​နောက်​မှ၊ မိ​ဇ​ပါ​မြို့​အုပ် ယော​ရှု​သား ဧ​ဇေ​ရ​သည်၊ လက်​နက်​စုံ​တိုက်​သို့​တက်​ရာ တစ်​ဖက်​တစ်​ချက်၊ မြို့​ထောင့်​ထိ​အောင် ပြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 3:19
6 ပူးပေါင်းရင်းမြစ်များ  

ဩဇိ​မင်းကြီး​သည် ဂျေရုဆလင်​မြို့ ထောင့်​တံခါး​၊ ချိုင့်ဝှမ်းလွင်ပြင်​တံခါး​၊ မြို့ရိုး​ထောင့်​တို့​တွင် ရဲတိုက်​များ​ကို အခိုင်အခံ့​တည်ဆောက်​၏​။


ထို့ပြင် လေဝိ​အမျိုး​ဖြစ်​သော အာဇနိ​၏​သား ယေရွှာ​၊ ဟေနဒဒ်​အမျိုးအနွယ်​မှ ဗိနွိ​၊ ကပ်မျေလ တို့​လည်း​ပါ​၏​။


လေဝိ​အမျိုး​များ​တွင် ယေရွှာ​၊ ဗိနွိ​၊ ကပ်မျေလ​၊ ရှေရဘိ​၊ ယုဒ​၊ မတ္တနိ​တို့ ဖြစ်​ကြ​၏​။ မတ္တနိ​သည် မိမိ​ညီအစ်ကို​များ​နှင့်အတူ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ဦးဆောင်​သူ​ဖြစ်​၏​။


ကောလဟောဇ​၏​သား မိဇပါ​နယ်​ကို​အုပ်ချုပ်ရသူ​ရှလ္လုံ​သည် စမ်းရေတွင်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ အမိုးမိုး​၍ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​၏​။ ရှင်ဘုရင်​၏​ဥယျာဉ်​တော်​နား​ရှိ ရှိလောင်​ရေကန်​နှင့်​ကပ်​လျက်​မြို့ရိုး​ကို ဒါဝိဒ်​မြို့​မှ​ဆင်းလာ​သော​လှေကား​အထိ ပြုပြင်​၏​။


သူ​၏​ဘေး​တွင် သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော ဟေနဒဒ်​၏​သား ကိလ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ဗာဝဲ ပြုပြင်​၏​။


သူ​၏​ဘေး​တွင် ဟေနဒဒ်​၏​သား​ဗိနွိ​သည် အာဇရိ​အိမ်​မှ​ကွေ့​၍ ထောင့်ချိုး​အထိ နောက်တစ်ပိုင်း​ကို ပြုပြင်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ