နေဟမိ 2:16 - မြန်မာ့စံမီသမ္မာကျမ်16 ဂျူးလူမျိုးများ၊ ယဇ်ပုရောဟိတ်များ၊ မှူးမတ်များ၊ မင်းအရာရှိများနှင့် အခြားအလုပ်သမားများကို ဘာမျှ ငါမပြောပြသေးသဖြင့် မည်သည့်နေရာသို့ ငါသွား၍ မည်သည့်အရာပြုသည်ကို မင်းအရာရှိတို့သည် မသိကြပေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။ အခန်းကိုကြည့်ပါ။ |