Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 13:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို​နေ့​၌ မောရှေ​၏​ပညတ္တိကျမ်း​ကို​လူ​တို့ ကြားသိ​အောင် ဖတ်ပြ​ရာ​တွင် “အမ္မုန်​လူမျိုး​နှင့် မောဘ​လူမျိုး​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စာရင်း​တွင် ဘယ်သောအခါ​မျှ​ဝင်​ခွင့်​မ​ရှိ​စေ​ရ”​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​နေ့​ရက်​ကာ​လ၌ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လူ​များ​ရှေ့​မှာ ဖတ်​ရွတ်​သော​အ​ခါ၊ အ​မ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​သည် ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​တော်​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့် အ​စဉ်​မ​ရှိ​ဟု တွေ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:1
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​အမျိုးသား​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​အားလုံး​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​မှစ၍ ပြည်သူပြည်သား​လူကြီး​လူငယ်​တစ်ယောက်မကျန် ရှင်ဘုရင်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​၏​။ ရှင်ဘုရင်​သည် ထာဝရဘုရား​အိမ်​တော်​တွင် တွေ့​ခဲ့​သော​ပဋိညာဉ်​ကျမ်း​စကား​အလုံးစုံ​ကို သူ​တို့​ကြားသိ​အောင် ဖတ်ပြ​လေ​၏​။


ထို​ကာလ​တွင် အာဇုတ်​အမျိုးသမီး​၊ အမ္မုန်​အမျိုးသမီး​၊ မောဘ​အမျိုးသမီး​တို့​နှင့်​စုံဖက်​သော ဂျူး​လူမျိုး​တို့​ကို​လည်း ငါ​တွေ့​ရ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း​ကို ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။


ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။


သူ့​အနား​ရှိ အမ္မုန်​လူမျိုး​တောဘိ​က​လည်း “​သူ​တို့​တည်ဆောက်​နေ​သော​ကျောက်​မြို့ရိုး​သည် မြေခွေး​ခုန်တက်​ရုံ​မျှ​နှင့်​ပင် ပြိုသွား​လိမ့်မည်​”​ဟု ဆို​၏​။


ခုနစ်​လ​ပိုင်း ပထမ​နေ့​တွင် ယဇ်ပုရောဟိတ်​ဧဇရ​သည် နားထောင်​၍​နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​ရှိ​ရာ​သို့ ပညတ်တရားကျမ်း​ကို​ယူလာ​၍


သူ​တို့​သည် ကိုယ်​ရှိ​ရာ​နေရာ​၌ ရပ်​လျက် နေ့​တစ်​နေ့​၏​လေးပုံတစ်ပုံ​တွင် ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရား​ကျမ်း​ကို ဖတ်​ပြီး နောက်​လေးပုံတစ်ပုံ​တွင် အပြစ်​များ​ကို​ဝန်ချတောင်းပန်​ကာ ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ကြ​၏​။


ထာဝရဘုရား​၏​ကျမ်းစာလိပ်​ထဲ၌ ရှာဖွေ​ဖတ်ရှု​ကြ​။ ထို​အကောင်​တို့​သည် တစ်​ကောင်​မျှ​မ​ပျောက်​။ ဖိုမ​အစုံအစုံ ရှိ​ကြ​လိမ့်မည်​။ ထိုသို့ နှုတ်​တော်​ထွက်​ရှိ​နှင့်​ပြီ​။ ဝိညာဉ်​တော်​သည် ထို​အကောင်​တို့​ကို စုရုံး​စေ​တော်မူ​ပြီ​။


မောဘ​ပြည်​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​နေဗော​မြို့​သည် အမင်္ဂလာ​ရှိ​၏​၊ ဖျက်ဆီး​ခံရ​ပြီ​။ ကိရယသိမ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ သိမ်းပိုက်​ခံရ​ပြီ​။ ခံတပ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ ပြိုကွဲ​ပြီ​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။


ဗာလက်​မင်းကြီး​သည် ယူဖရေးတီး​မြစ်​အနီး မိမိ​အမျိုးသားချင်း​တို့​၏​ပြည်​ရှိ ပေသော်​မြို့​နေ ဗောရ​၏​သား​ဗာလမ်​ကို ခေါ်​ရန် စေတမန်​တို့​ကို​စေလွှတ်​လျက် “​လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ အကျွန်ုပ်​အနား​၌​လည်း နေထိုင်​ကြ​ပြီ​။


ကိုယ်တော်​က​လည်း“ပညတ်​တရား​ကျမ်း​တွင် မည်သို့​ရေး​ထား​သနည်း။ သင်​မည်သို့​ဖတ်​ရ​သနည်း”​ဟု မေး​တော်မူ​လျှင်


ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။


အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ