Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 12:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 လေဝိ​အမျိုး​များ​တွင် ယေရွှာ​၊ ဗိနွိ​၊ ကပ်မျေလ​၊ ရှေရဘိ​၊ ယုဒ​၊ မတ္တနိ​တို့ ဖြစ်​ကြ​၏​။ မတ္တနိ​သည် မိမိ​ညီအစ်ကို​များ​နှင့်အတူ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ဦးဆောင်​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း ရာ​ဓမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:8
12 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​အခန်း​များ​တွင်​နေထိုင်​ရ​သော လေဝိ​မျိုးနွယ်စု​ခေါင်းဆောင်​သီချင်းသည်​တို့​သည် နေ့ရောညပါ​အမှု​တော်​ထမ်း​ရ​သောကြောင့် အခြား​တာဝန်​များ​နှင့် ကင်းလွတ်​ခွင့်​ရ​ကြ​၏​။


လေဝိ​အမျိုး​တွင် ဟောဒဝိ​သားမြေး​မှ​ဆင်းသက်​လာ​သော ယေရွှာ​နှင့် ကပ်မျေလ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊


ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို​ပူဇော်​ရန် ယောဇဒက်​၏​သား ယေရွှာ​နှင့် သူ့​ညီအစ်ကို​ယဇ်ပုရောဟိတ်​များ​၊ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် သူ့​ညီအစ်ကို​များ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အဖို့ ယဇ်ပလ္လင်​ကို ထ​၍​တည်​ကြ​လေ​၏​။


အာသပ်​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ မိက္ခာ​၏​သား​ဖြစ်​သည့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​၊ ဆုတောင်း​ခြင်း​တို့​၌ ပထမ​ခေါင်းဆောင် မတ္တနိ​နှင့် ညီအစ်ကို​များ​တွင် လက်ထောက်​ဖြစ်​သည့် ဗာကဗုကိ​အပါအဝင် ယေဒုသုန်​၏​သား ဂလာလ​၊ ဂလာလ​၏​သား ရှမွာ​၊ ရှမွာ​၏​သား အာဗဒ​နှင့်


ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​စီမံ​ရ​သော သီချင်းသည်​များ​ဖြစ်​သည့် အာသပ်​သားမြေး​မှ​ဆင်းသက်​သော မိက္ခာ​၏​တီ​၊ မတ္တနိ​၏​မြစ်​၊ ဟာရှဘိ​၏​မြေး​၊ ဗာနိ​၏​သား ဩဇိ​သည် ဂျေရုဆလင်​မြို့​ရှိ လေဝိ​အမျိုး​ကို အုပ်ချုပ်​၏​။


ဘုရားသခင်​၏​လူ​ဒါဝိဒ် စီရင်ချမှတ်​ထား​သည့်​အတိုင်း လေဝိ​အကြီးအမှူး​များ​ဖြစ်​သော ဟာရှဘိ​၊ ရှေရဘိ​နှင့် ကပ်မျေလ​၏​သား ယေရွှာ​တို့​သည် ညီအစ်ကို​များ​နှင့်​မျက်နှာချင်းဆိုင်​ရပ်​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​သီချင်း​ကို တစ်ဖွဲ့​နှင့်​တစ်ဖွဲ့ အပြန်အလှန် သီဆို​ကြ​၏​။


သလ္လု​၊ အာမောက်​၊ ဟိလခိ​၊ ယေဒါယ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယေရွှာ​လက်ထက်​၌ ယဇ်ပုရောဟိတ်​ခေါင်းဆောင်​များ​နှင့် သူ​တို့​၏​ဆွေမျိုးသားချင်း​များ ဖြစ်​ကြ​၏​။


သူ​တို့​၏​ညီအစ်ကို ဗာကဗုကိ​နှင့် ဥန္နိ​သည် သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​နေရာ​တွင် အမှုဆောင်​ရ​၏​။


လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊


လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ ရှာလမဲ​သားမြေး​၊


ထို့နောက် ယေရွှာ​၊ ဗာနိ​၊ ကပ်မျေလ​၊ ရှေဗနိ​၊ ဗုန္နိ​၊ ရှေရဘိ​၊ ဗာနိ​၊ ခေနနိ​တို့​သည် လေဝိ​အမျိုး​တို့​၏​စင်​ပေါ်တွင်​ရပ်​၍ ဘုရားသခင်​ထာဝရဘုရား​ထံ ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ဆုတောင်း​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ