Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 11:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ဤသို့ဖြင့် နယ်မြေ​ခေါင်းဆောင်​များ​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​ပြီး အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 11:3
14 ပူးပေါင်းရင်းမြစ်များ  

ဤသည်ကား ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သဖြင့် သုံ့ပန်း​အဖြစ် ဘေဘီလုံ​ပြည် နယ်မြေဒေသ​အသီးသီး​သို့​ရောက်သွား​ကြ​ပြီး သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။


ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊


ထိုသို့ ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​များ​၊ လူ​အချို့​နှင့် သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​တို့​သည် ကိုယ့်​မြို့​တို့​၌ ပြန်လည်​နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌ ပြန်လည်​နေထိုင်​ကြ​သတည်း​။


ကျန်​သော​အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။


ဂျေရုဆလင်​မြို့​တွင် ယုဒ​အမျိုးသား​အချို့​နှင့် ဗင်္ယာမိန်​အမျိုးသား​အချို့​တို့ နေထိုင်​ကြ​၏​။ ထို​သူ​တို့​မှာ ယုဒ​အမျိုးသား​တွင် ဖာရက်​သားမြေး​မှ​ဆင်းသက်​လာ​သော​မဟာလေလ​၏​တွတ်​၊ ရှေဖတိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဇာခရိ​၏​မြေး​၊ ဩဇိ​၏​သား​အသာယ​နှင့်


ယဇ်ပုရောဟိတ်​များ​ကား ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊


လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊


ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊


ဤ​သူ​တို့​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ပြီးနောက် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ဘေဘီလုံ​ပြည်​မှ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၊ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။


ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ အာဇရိ​၊ ရာမိ​၊ နာဟမာနိ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပေရက်​၊ ဗိဂဝဲ​၊ နေဟုံ​၊ ဗာနာ​တို့​နှင့်အတူ လိုက်ပါ​လာ​သော​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား


ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ပြည်သား​အချို့​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​သို့ ပြန်လာ​နေထိုင်​ကြ​၏​။ ခုနစ်​လ​မြောက်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​တွင် အခြေတကျ​ဖြစ်လာ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ