Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 11:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 တံခါးစောင့်​များ​တွင် တံခါးစောင့်​အက္ကုပ်​၊ တာလမုန်​နှင့် သူ​တို့​၏​ညီအစ်ကို​ပေါင်း တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။ အက္ကုပ်၊တာ​လ​မုန်​နှင့်​သူ​၏​ဆွေ​မျိုး​များ​ဖြစ် ၍​စု​စု​ပေါင်း​တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက် ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 တံ​ခါး​စောင့်​အ​က္ကုပ်၊ တာ​လ​မုန်​အ​စ​ရှိ​သော တံ​ခါး​ကို​စောင့်​သော အ​မျိုး​သား​ချင်း​ပေါင်း​ကား တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 11:19
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သွား​၍ မြို့​တံခါးစောင့်​တို့​အား အော်ခေါ်​လျက် “​ငါ​တို့​သည် ဆီးရီးယား​တပ်စခန်း​သို့ ရောက်​ခဲ့​ပြီ​။ တပ်စခန်း​တွင် လူ​အရိပ်အယောင်​မ​တွေ့​၊ လူ​သံ​လည်း မ​ကြား​ရ​။ မြင်း​များ​၊ မြည်း​များ​ကို ချည်​ထား​၍ တဲ​များ​လည်း ဤအတိုင်း ရှိ​နေ​သည်​ကို တွေ့​ခဲ့​ရ​ပါ​၏”​ဟု သူ​တို့​အား ပြောပြ​ကြ​၏​။


သန့်ရှင်း​သော​မြို့​တွင်​နေထိုင်​သော​လေဝိ​အမျိုး​ပေါင်း နှစ်ရာ​ရှစ်ဆယ့်​လေး​ယောက်​ဖြစ်​၏​။


ကျန်​သော​အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။


မတ္တနိ​၊ ဗာကဗုကိ​၊ ဩဗဒိ​၊ မေရှုလံ​၊ တာလမုန်​၊ အက္ကုပ်​တို့​သည် သိုလှောင်ခန်း​တံခါး​တွင်​စောင့်ကြပ်​သော တံခါးစောင့်​များ​ဖြစ်​ကြ​၏​။


တံခါးစောင့်​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး​ပေါင်း တစ်ရာ​သုံးဆယ့်​ရှစ်​ယောက် ဖြစ်​၏​။


အကယ်စင်စစ် ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌ တစ်ရက်​နေ​ရ​ခြင်း​သည် အခြား​သော​အရပ်​၌ ရက်​တစ်ထောင်​နေ​ရ​ခြင်း​ထက် ပို၍​ကောင်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​၏​တဲ​တွင်​နေ​ရ​ခြင်း​ထက် အကျွန်ုပ်​ဘုရားသခင်​၏​အိမ်​တော်​၌ တံခါးစောင့်​ဖြစ်​ရ​ခြင်း​ကို အကျွန်ုပ်​ပို၍​နှစ်သက်​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ