Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 11:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ဘုရားသခင်​၏​အိမ်​တော်​အပြင်ဘက်​အမှုထမ်း​ရ​သူ လေဝိ​အမျိုး အကြီးအမှူး ရှဗ္ဗေသဲ​၊ ယောဇဗဒ်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 လေ​ဝိ​သား​အ​ကြီး ရှ​ဗ္ဗေ​သဲ​နှင့် ယော​ဇ​ဗဒ်​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ပြင်​အ​မှု​ကို ကြည့်​ရှု​စီ​ရင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 11:16
8 ပူးပေါင်းရင်းမြစ်များ  

လေဝိ​အမျိုး​တွင် အဟိယ​သည် ဘုရားသခင်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​တို့​ကို စောင့်ကြပ်​ရ​၏​။


ဣဇဟာ​အမျိုး​ဖြစ်​သော ခေနနိ​နှင့်​သူ​၏​သား​များ​မူကား အိမ်​တော်​ပြင်ပ​အလုပ်​ဖြစ်​သော အစ္စရေး​လူမျိုး​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​များ​၊ တရားသူကြီး​များ​အဖြစ် တာဝန်​ထမ်းဆောင်​ရ​၏​။


ဤ​အစီအစဉ်​ကို အာသဟေလ​၏​သား​ယောနသန်​နှင့် တိကဝ​၏​သား​ယဟာဇိ​တို့​သာ ကန့်ကွက်​ကြ​၍ လေဝိ​အမျိုး မေရှုလံ​နှင့် ရှဗ္ဗေသဲ​တို့​က သူ​တို့​ကို ထောက်ခံ​ကြ​၏​။


စတုတ္ထ​နေ့​တွင် ထာဝရဘုရား​၏​အိမ်​တော်​၌ ရွှေ​ငွေ​နှင့် အသုံးအဆောင်​များ​ကို ချိန်တွယ်​ပြီး ယဇ်ပုရောဟိတ်​ဥရိယ​၏​သား မေရမုတ်​လက်​သို့ ပေးအပ်​လိုက်​၏​။ ထို​နေရာ​တွင် ဖိနဟတ်​၏​သား​ဧလာဇာ​၊ လေဝိ​အမျိုး​ယေရွှာ​၏​သား ယောဇဗဒ်​နှင့် ဗိနွိ​၏​သား နောဒိ​တို့​လည်း ရှိ​ကြ​၏​။


လေဝိ​အမျိုး​တို့​တွင် ဗုန္နိ​၏​တီ​၊ ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊


အာသပ်​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ မိက္ခာ​၏​သား​ဖြစ်​သည့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​၊ ဆုတောင်း​ခြင်း​တို့​၌ ပထမ​ခေါင်းဆောင် မတ္တနိ​နှင့် ညီအစ်ကို​များ​တွင် လက်ထောက်​ဖြစ်​သည့် ဗာကဗုကိ​အပါအဝင် ယေဒုသုန်​၏​သား ဂလာလ​၊ ဂလာလ​၏​သား ရှမွာ​၊ ရှမွာ​၏​သား အာဗဒ​နှင့်


လူ​အပေါင်း​တို့ ရပ်​နေ​ကြ​စဉ် ယေရွှာ​၊ ဗာနိ​၊ ရှေရဘိ​၊ ယာမိန်​၊ အက္ကုပ်​၊ ရှဗ္ဗေသဲ​၊ ဟောဒိယ​၊ မာသေယ​၊ ကေလိတ​၊ အာဇရိ​၊ ယောဇဗဒ်​၊ ဟာနန်​၊ ပေလာယ​နှင့်​လေဝိ​သား​တို့​သည် လူ​တို့​အား ပညတ်တရား​ကို​နားလည်​အောင်​ရှင်းပြ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ