Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 10:36 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 ပညတ်တရားကျမ်း​တွင် ရေးထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​သားဦး​များ​နှင့် တိရစ္ဆာန်​သားဦး​များ​၊ သိုးအုပ်​နွားအုပ်​ထဲမှ အဦးဆုံး​မွေး​သော​အကောင်​တို့​ကို ဘုရားသခင်​၏​အိမ်​တော်​၌​အမှု​တော်​ဆောင်ရွက်​သော​သူ​များ​ဖြစ်​သည့် ယဇ်ပုရောဟိတ်​တို့​ရှိ​ရာ ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

36 ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:36
14 ပူးပေါင်းရင်းမြစ်များ  

ထို​အမိန့်​တော်​ကို နေရာ​အနှံ့​ထုတ်ပြန်​သည်​နှင့် အစ္စရေး​အမျိုးသား​တို့​သည် သီးဦးသီးဖျား​ကောက်ပဲသီးနှံ​များ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ ပျားရည်​နှင့် လယ်ယာထွက်​သီးနှံ​အားလုံး​တို့​ကို အမြောက်အမြား​ယူဆောင်​လာ​ပေး​ကြ​၏​။ ဥစ္စာ​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း အမြောက်အမြား ယူဆောင်​လာ​ကြ​၏​။


ထို​နေ့​တွင် အလှူပစ္စည်း​များ​၊ အသီးဦး​များ​၊ ဆယ်ဖို့တစ်ဖို့​များ​ထားရှိ​ရာ သိုလှောင်တိုက်​အခန်း​များ​အုပ်ထိန်း​မည့်​သူ​တို့​ကို ခန့်ထား​ကြ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ​အဖို့ ပညတ်တရားကျမ်း​တွင်​ပါ​သော​ဝေစု​အတိုင်း မြို့ရွာ​များ​ရှိ​လယ်ယာ​များ​မှ ကောက်ခံ​စုသိမ်း​ပေး​ရ​၏​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ အမှု​တော်​ထမ်း​နေ​သည်​ကို ယုဒ​အမျိုး​တို့ နှစ်သက်​ဝမ်းမြောက်​ကြ​၏​။


သူ့​အား အခန်း​ကြီး​တစ်ခန်း​ကို ပေး​ထား​၏​။ ထို​အခန်း​သည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ​၊ နံ့သာပေါင်း​၊ အသုံးအဆောင်​ပစ္စည်း​များ​နှင့်တကွ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​ကို ပညတ်တော်​အတိုင်း​ပေး​ရ​သော ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အတွက် အလှူပစ္စည်း​တို့​ကို သိုထား​သော​အခန်း​ဖြစ်​၏​။


“​အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​တိုင်း​ကို ငါ​ပိုင်​၏​။ ငါ့​အတွက် သန့်ရှင်း​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။


သင့်​မြေ​မှ​ထွက်​သော​အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့ရည်​ဖြင့် မ​ပြုတ်​ရ​။


သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ အဦးဆုံး​ပေါက်​သော တိရစ္ဆာန်​အထီး​ရှိသမျှ​တို့​ကို​လည်းကောင်း ငါ​ပိုင်​၏​။


ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အကြောင်းမူကား သားဦး​ရှိသမျှ​တို့​ကို ငါ​ပိုင်​၏​။ အီဂျစ်​ပြည်​၌ သားဦး​အပေါင်း​တို့​ကို ငါ​ဒဏ်ခတ်​သော​နေ့​တွင် ငါ​သည် အစ္စရေး​တို့​ထဲမှ လူ​မှစ၍ တိရစ္ဆာန်​၏​သားဦး​ရှိသမျှ​တို့​ကို ငါ့​အဖို့ သန့်ရှင်း​စေ​ခဲ့​သောကြောင့် သူ​တို့​သည် ငါ့​အပိုင်​ဖြစ်​၏​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။


သင်​တို့​သည် မိမိ​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ နွား​သားဦး​၊ သိုး​သားဦး တို့​ကို ထို​အရပ်​သို့ ယူဆောင်​လာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ